
08 Feb 2024
Social Media ရဲ့ပြန့်နှံ့မှုမြန်နှုန်းကြောင့် ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလဲ Social Media နဲ့တွဲဖက်ပြီး လုပ်ကိုင်လာကြတာက အခုဆိုတော်တော်များများ ရှိလာပါတယ်။ အနည်းဆုံးတော့ တခြား Social Media Platform တွေပေါ်မှာ မရှိရင်တောင် Facebook Page တစ်ခုလောက်တော့ ရှိကြတာကိုတွေ့ရပါတယ်။ လုပ်ငန်းရလဒ်ပိုကောင်းလာတဲ့အချိန်မျိုးတွေမှာတော့ တခြား Instagram, X (Twitter) အစရှိတဲ့ Social Media Platform တွေမှာ ကိုယ့်ရဲ့ လုပ်ငန်းကိုချဲ့ထွင်လုပ်ကိုင်လို့ရပါတယ်။ ဒါပေမဲ့ လုပ်ငန်းနဲ့ကိုက်ညီတဲ့ Social Media Platform တော့ ဖြစ်ဖို့လိုအပ်ပါတယ်။
ဒီလို Social Media Platform တွေပေါ်မှာ Post တင်ပြီး ကြော်ငြာတာဖြစ်ဖြစ်၊ Entertainment လုပ်တာဖြစ်ဖြစ် ပြုလုပ်လေ့ရှိကြပြီး ဘယ်အချိန်မျိုးမှာတင်ရင် Result ပိုကောင်းနိုင်တယ်ဆိုတဲ့ အရာကိုတော့ တချို့တွေ သတိမပြုမိကြတာကိုတွေ့ရပါတယ်။ ဒါကြောင့် မိတ်ဆွေတို့လုပ်ငန်းတွေ Social Media Platform တွေပေါ်မှာ Result ကောင်းကောင်းရစေမဲ့ အချိန်တွေ နေ့ရက်တွေကို Sharing နည်းနည်းလုပ်ပေးသွားပါမယ်…
မနက် ၉ နာရီကနေ နေ့လည် ၂ နာရီဟာဆိုရင် Social Media Post တင်လို့ အကောင်းဆုံး အချိန်တွေ ဖြစ်ပါတယ်
Monday နဲ့ Wednesday တို့က Social Media Post တင်လို့ကောင်းတဲ့ရက်တွေဖြစ်ပါတယ်
Facebook Post တွေတင်လို့ကောင်းတဲ့ အချိန်တွေကတော့ မနက် ၈ နာရီကနေ နေ့လည် ၁ နာရီ ဖြစ်ပါတယ်
Facebook ပို့တင်လို့ကောင်းတဲ့ ရက်တွေကတော့ Weekdays တွေပဲဖြစ်ပါတယ်
YouTube မှာ Post တင်လို့ကောင်းတဲ့အချိန်တွေကတော့ Weekdays တွေမှာဆိုရင် နေ့လည် ၂ နာရီကနေ ၄ နာရီ အတွင်းဖြစ်ပြီး၊ Weekends တွေမှာဆိုရင်တော့ မနက် ၉ နာရီကနေ ၁၁ နာရီက Post တင်လို့ကောင်းတဲ့ အချိန်တွေပဲ ဖြစ်ပါတယ်
YouTube မှာ Post တင်လို့ကောင်းတဲ့ရက်တွေကတော့ Friday, Saturday နဲ့ Sunday တို့ပဲ ဖြစ်ပါတယ်
Instagram မှာ Post တင်လို့ကောင်းတဲ့ အချိန်တွေကတော့ မနက် ၈ နာရီကနေ နေ့လည် ၁ နာရီအတွင်း ဖြစ်ပါတယ်
အပေါ်က ဖော်ပြခဲ့တဲ့ အချိန်တွေ နေ့ရက်တွေက 2024 အတွက် Social Media Platform အလိုက် Post တင်လို့ကောင်းတဲ့ အချိန်နဲ့ နေ့ရက်တွေပဲ ဖြစ်ပါတယ်။