
06 Nov 2024
သင့်အနေနဲ့ Social Media ပေါ်မှာ အောင်မြင်တဲ့ လုပ်ငန်းတစ်ခု အဖြစ်ရပ်တည်ဖို့ စိတ်ကူးရှိနေတယ်ဆိုရင် သိထားသင့်တဲ့ Tips တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၃) နှစ်လောက်က ၉၂%သော Marketer တွေရဲ့ Content Engagement တွေဟာ Social Media ပေါ်မှာ ၅၃% အထိကျဆင်းခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုရင်တော့ Marketer တွေနဲ့ Audience ကြားထဲမှာ ခိုင်လုံတဲ့ ယုံကြည်မှုရှိသင့်သလောက် မရှိခဲ့လို့ပဲဖြစ်ပါတယ်။
ဒီ Social Media မှာ လုပ်ငန်း လုပ်ကိုင်မယ်ဆိုရင်တော့ Audience ရဲ့ ယုံကြည်မှုဟာ အရမ်းကိုအရေးကြီးပါတယ်။ သင့်ရဲ့ Social Media လုပ်ငန်းတွေမှာ အသုံးဝင်နိုင်မဲ့ လုပ်ဆောင်ချက်များကိုဖော်ပြပေးလိုက်ပါတယ်…
၁. Comment နဲ့ Message တွေကို Active ဖြစ်ပြီး ဆီလျော်စွာ ပြန်လည်ဖြေကြားပေးပါ။
၂. Personality ရှိရပါမယ်။
၃. သင့်ရဲ့ Post တွေမှာ ပုံတွေကို သင့်လျော်အောင်ရွေးချယ်ပေးပါ။
၄. Audience တွေကို Feedback နဲ့ Review တွေကိုဂရုတစိုက် မေးမြန်းပေးပါ။
၅. လက်ရှိအချိန်မှာ Trend ဖြစ်နေတဲ့ Post တွေကို မှန်ကန်သင့်လျော်စွာတင်ပေးပါ။
၆. ထင်ရှားတဲ့ Call-to-action
တစ်ခုခုရှိရန်လိုအပ်ပါတယ်။
၇. သင့်ရဲ့ အမာခံပရိတ်သတ်တွေအတွက် Post တွေရေးပေးပါ။
၈.
Content Plan ကိုကောင်းစွာချထားဖို့လိုအပ်ပါတယ်။
၉. စိတ်ဓာတ်တက်ကြွစေမဲ့ Post တွေရံဖန်ရံခါတင်ပေးပါ။
ဖော်ပြပေးခဲ့တဲ့ Tips တွေသေသေချာချာနဲ့ မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်မယ်ဆိုရင် သင့်အနေနဲ့ Social Media ပေါ်မှာ ကောင်းကောင်းရပ်တည်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။