14 Jul 2018
အချို့သောချမ်းသာကြွယ်ဝသူတွေနဲ့ကျော်ကြားတဲ့သူတွေမှာ ထူးဆန်းတဲ့ဝါသနာတွေ အလေ့အကျင့်တွေ ရှိတတ်ကျပါတယ်။ကြီးမားတဲ့စိတ်ဖိစီးမှုတွေကို ဝါသနာပါတဲ့အလုပ်တွေကိုပြုလုပ်ခြင်းဖြင့်ဖြေလျော့နိုင်သလို သင့်ရဲ့အသိဉာဏ်နဲ့ဉာဏ်ရည်ဉာဏ်သွေးကိုတိုးတက်စေပါတယ်။အလုပ်အများဆုံးလုပ်ငန်းရှင်တွေ ဘီလျံနာတွေတောင်မှ သူတို့နှစ်သက်ရာဝါသနာတွေအတွက်အချိန်ပေးနိုင်တာကြောင့် သင်လဲအချိန်ပေး လို့ရပါတယ်။ဝါသနာတွေထဲမှာမှ သင့်ရဲ့ဉာဏ်ဉာဏ်သွေးကိုတိုးတက်နိုင်စေတဲ့အချက် ၅ ချက်ကိုဖော်ပြပေး ပါမယ်။
(1)နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်ခြင်း
နေ့စဉ်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တဲ့အလေ့အကျင့်ဟာ လန်းဆန်းတက်ကြွစေပြီး တွေးခေါ်နိုင်စွမ်း ကိုမြင့်တက်စေပါတယ်။ ပြေးခြင်း၊ အလေးမခြင်း၊ ယောဂကျင့်ခြင်း၊ လမ်းလျောက်ခြင်း စတာတွေ ကိုပနေ့စဉ်ပုံမှန်ပြုလုပ်ခြင်းဟာ ဦးနှောက်ရဲ့စွမ်းရည်ကိုမြှင့်တင်ပေးပြီး ကျန်းမာရေး ရှုထောင့် က ကြည့်ရင်လဲအကျိုးရှိပါတယ်။တခြားအရာတွေကိုမပြုလုပ်နိုင်ပေမဲ့ လမ်းပုံမှန်လျောက်ပေးခြင်းကပင် သင့်ရဲ့ဖန်တီးတွေးခေါ်နိုင်မှုကိုတိုးတက်စေပါတယ်။
(2)တူရိယာတီးခတ်ခြင်း
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်အချို့ဟာ ဂီတကိုနှစ်သက်ကျပါတယ်။ တူရိယာ တစ်ခုခုကို တီးခတ်ခြင်းဟာ သင်ရဲ့ဝါသနာဆိုရင်တော့ သင့်ဟာ တကယ်ကောင်းတဲ့ စိတ်ဖိစီးမှုကိုဖြေလျော့နိုင်တဲ့ ဝါသနာရှိတဲ့သူတစ်ယောက်ပါပဲ။ စန္ဒယားတီးခြင်း၊ ဂစ်တာတီးခြင်း၊ တယောတီးခြင်း စတာတွေကို ယနေ့ခေတ်အောင်မြင်နေတဲ့လုပ်ငန်းရှင်အချို့ဟာ ငယ်စဉ်ကတည်းကသင်ယူခဲ့တာရှိသလို စိတ်ဖြေလျော့ဖို့ စိတ်ငြိမ်စေဖို့အတွက်ယခုမှ သင်ယူကျတာမျိုးတွေရှိပါတယ်။ ဂီတပညာရှင်နဲ့ ဂီတကိုဝါသနာပါတဲ့ သူတွေမှာ တကယ်ကောင်းတဲ့ Skill တွေရှိကျပါတယ် အဲ့ဒါတွေကတော့ ခေါင်းဆောင်နိုင်စွမ်း၊ ကိုယ်ကိုယုံကြည်မှု နဲ့ တီထွင်ဆန်းသစ်နိုင်စွမ်း စတဲ့ Skill တွေပါပဲ။
(3) ဂိမ်းကစားခြင်း
ဂိမ်းကစားခြင်းဟာမကောင်းတဲ့အမူအကျင့် ဝါသနာလို့ လူအတော်များများကသတ်မှတ်ကျပေမဲ့ တကယ်တမ်းတော့ လုံးဝအမှန်တော့လည်းမဟုတ်ပါဘူး။တကယ်တော့ ဂိမ်းတွေဟာဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်းကိုတိုးတက်စေပြီး မှတ်သားနိုင်စွမ်းကိုလဲပိုမိုတိုးတက်အောင် လေ့ကျင့်ပေး နိုင်ပါတယ်။ ယနေ့ခေတ်ချမ်းသားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဟာ တစ်ပတ်မှာ ပျမ်းမျှအနည်းဆုံး ငါးနာရီတော့ ဗီဒီယိုဂိမ်းကစားကျတယ်လို့ လေ့လာမှုတွေအရသိရပါတယ်။ဂိမ်းကစားခြင်းဖြင့် မှတ်ဉာဏ်စွမ်း အားတိုးတက်စေခြင်း၊ ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိခြင်း၊ နည်းဗျူဟာတွေကိုသိခြင်း တို့အပြင် လူမှုဆက်ဆံရေးကိုပါတိုးတက်စေနိုင်ပါတယ်။ သင်ဟာခက်ခဲပြီးစဉ်းစားရတဲ့ရှုပ်ထွေးတဲ့အရာတွေကို Step By Step ဂိမ်းထဲမှာဖြေရှင်းရတဲ့ဂိမ်းမျိုးတွေ၊ ပဟေဠိတွေကိုစဉ်းစား အဖြေရှာရတဲ့ဂိမ်းမျိုးတွေ၊ အမှုလိုက်တဲ့ ဂိမ်းမျိုးတွေ စတဲ့ဂိမ်းအမျိုးမျိုးတွေကိုစဉ်းစားအဖြေရှာပြီး အနိုင်ရအောင်လုပ်တာကလဲ သင့်ဦးနှောက်ရဲ့တွေးခေါ်နိုင်စွမ်းကိုတိုးတက်အောင်လေ့ကျင့်ရာရောက်ပါတယ်။
(4) ဘာသာစကားအသစ်သင်ယူခြင်း
Facebook ရဲ့ CEO Mark Zuckerberg ကသူဟာ တရုတ်ဘာသာစကားကိုသင်ယူခဲ့တာဟာ သူ့ရဲ့တရုတ်လူမျိုးမိန်းမဖြစ်သူ၏ မိသားစုဝင်တွေနဲ့ဆက်သွယ်ပြောနိုင်ရုံတင်မဟုတ်ပဲ တရုတ်လူမျိုးတွေရဲ့ဓလေ့စရိုက်ကိုလေ့လာခွင့်ရတဲ့အပြင် သူ့ကိုယ်သူစိန်ခေါ်မှုတစ်ရပ်လဲဖြစ် စေတယ်လို့ဆိုပါတယ်။ ဘာသာစကားအသစ်ကိုသင်ယူလေ့လာတဲ့အလေ့အကျင့်ဟာ ဦးနှောက်ရဲ့လုပ်ဆောင်မှုကိုနိုးကြားစေပြီး ပြသနာတွေဖြေရှင်းတဲ့အခါ ဒါမှမဟုတ် စီမံကိန်းတွေရေး ဆွဲလုပ်ဆောင်တဲ့အခါမှာ အထောက်အကူပေးနိုင်ပါတယ်။ ဒါ့အပြင်သင့်ရဲ့ စီးပွားရေးလုပ်ငန်း တိုး တက်အောင်မြင်ဖို့အတွက်လဲ ဘာသာစကားအသစ်ကိုသင်ယူခြင်းဟာ ကောင်းမွန်တဲ့အချက်တစ်ချက်ပါ။
(5) စာဖတ်ခြင်း
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်အများစုဟာ စာဖတ်တဲ့အလေ့အကျင့်ရှိကျပါတယ်။ နေ့စဉ်စာဖတ်ခြင်းဟာ အလွန်ကောင်းမွန်တဲ့အလေ့အကျင့်ဖြစ်ပြီး သင့်ကိုပိုမိုထက်မြတ်စေတဲ့အပြင် စိတ်ကိုပျော်ရွှင်တည်ငြိမ်စေ ပါတယ်။ ဗဟုသုတလဲရတဲ့အပြင် အသိပညာလဲတိုးပွားစေပါတယ်။ သင့်အတွက်ဖြေရှင်းဖို့လိုအပ်နေတဲ့ ပြသနာတွေ အကြံဉာဏ်တွေကို စာဖတ်ခြင်းကနေတစ်ဆင့်ဖြေရှင်းဖို့ အကြံဉာဏ်ကောင်းတွေရနိုင်ပါ တယ်။ မှတ်ဉာဏ်စွမ်းအားကိုတိုးတက်စေပြီး သင့်ဦးနှောက်ရဲ့တွေးခေါ်နိုင်စွမ်းဟာ အမြဲနိုးကြားနေမှာပဲဖြစ်ပါတယ်။
ယခုဖော်ပြသွားတဲ့ အလေ့အကျင့်လေးတွေကတော့ သင့်ရဲ့တွေးခေါ်နိုင်စွမ်းကိုမြှင့်တင်ပေးနိုင်ရုံသာမက သင့်ရဲ့ စိတ်ဖိစီးမှုတွေကိုပါဖြေလျှော့ပေးနိုင်တဲ့အလေ့အကျင့်ကောင်းလေးတွေပဲဖြစ်ပါတယ်။
Ref - LarryKim