logo
myanmar
Twitter က Dock ဆိုတဲ့ Option အသစ်လေးကိုထည့်သွင်း

Twitter က Dock ဆိုတဲ့ Option အသစ်လေးကိုထည့်သွင်း

14 Jul 2018

Twitter ရဲ့ Update တစ်ခုမှာဆိုရင် Dock ဆိုတဲ့ Option အသစ်လေးတစ်ခုကိုထည့်သွင်းခဲ့ပါတယ်။ ဒီUpdate လေးဟာဆိုရင် Twitter Newsfeed မှာရှိတဲ့ Video တွေကို Screen Size သေးသေးလေးလုပ်ပြီး Screen ထောင့်တစ်နေရာမှာ ထားပြီးကြည့်နိုင်မှာဖြစ်ပါတယ်။ Facebook မှာဆိုရင်ဒီ Update ဟာTwitter ထက်စောပြီးထွက်ခဲ့ပါတယ်၊ Facebook မှာဆိုရင် Video တစ်ခုကိုကြည့်နေရင်းနဲ့ Screen ကိုအပေါ် (သို့) အောက်ဘက်ကို ပွတ်ဆွဲလိုက်ရင် ကြည့်နေတဲ့ Viode ဟာ Dock လေးတစ်ခုအနေနဲ့ထွက်လာပြီး Screen ရဲ့ တစ်နေရာမှာထားပြီးကြည့်လို့ရပါတယ်။

ဒီ Twitter ရဲ့ Dock Option လေးကတော့ Video ကိုကြည့်နေရင်း နောက်တစ်ခုကိုပြုလုပ်ချင်တဲ့အတွက်Dock လေးဖြစ်အောင်လုပ်မယ်ဆိုရင် Video Screen ရဲ့ ညာဘက်အပေါ်ထောင့်မှာ Screen Size ကိုအကျဉ်းအကျယ်လုပ်တဲ့ Button လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် သင်ကြည့်နေတဲ့ Twitter Newsfeed ကVideo ဟာ Dock တစ်ခုအနေဖြင့် ပေါ်လာပြီးသင်ဟာ Video ကြည့်ရင်း Screen ကိုကောင်းကောင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီ Twitter Update လေးဟာဆိုရင် Android ပေါ်မှာပဲ Update ထွက်သေးတာဖြစ်ပြီး iOS မှာတော့မကြာခင်ထွက်ရှိမယ်လို့ ကြေညာထားပါတယ်။

Ref - socialmediatoday

Recent posts