logo
myanmar
Content Writing အတွက် အသုံးဝင်တဲ့ Tool များ

Content Writing အတွက် အသုံးဝင်တဲ့ Tool များ

11 Apr 2019

Digital Marketing လုပ်မယ်ဆို Content Writing ဟာအရေးကြီးတဲ့အခန်းကဏ္ဍတစ်ရပ်ပါ။မလူတွေဟာ ထူးခြားတဲ့အကြောင်းအရာတွေ၊စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ဖန်တီးထားတဲ့အကြောင်းအရာမျိုးတွေ ကြော်ညာတွေစတဲ့ Content တွေကိုဖတ်ရတာကိုနှစ်ခြိုက်ကျပါတယ်။ ဒါကြောင့်ဈေးကွက်ရှာဖွေသူတွေ၊မိမိ Brand ကိုကြော်ညာလိုသူတွေ၊ Blogger တွေ Writer တွေစတဲ့သူတွေဟာ Reader တွေကိုဆွဲဆောင်နိုင်မဲ့ Content ကောင်းတွေဖန်တီးရေးသားဖို့ အာရုံစိုက်လာကျပါတယ်။ Content ကောင်းတွေဖန်တီးနိုင်ရာမှာ စာဖတ်သူတွေကို ဆွဲဆောင်နိုင်ပြီး Sharing လုပ်နိုင်မဲ့ ထိရောက်တဲ့ Content တွေရေးသားဖို့ အလွန်အရေးကြီးပါတယ်။Content တစ်ပုဒ်ဟာ Research ကောင်းကောင်းလုပ်ထားတယ် သဒ္ဒါနည်းအရရေးသားတာလည်းမှန်ကန်မယ် ဖတ်ရတာနားလည်လွယ်ပြီး လူအများစိတ်ဝင်စား နိုင်မဲ့အကြောင့်အရာမျိုးရေးသားထားတာဆိုရင် စာဖတ်သူတွေကိုဆွဲဆောင်နိုင်မှာအမှန်ပါပဲ။ ဒါကြောင့် Content ကောင်းတွေဖန်တီးရာမှာ အထောက်အကူပြုမဲ့ Content Writing Tools တွေကိုဖော်ပြပေး လိုပါတယ်။

1.750 Words

750 Words ဆိုတာကတော့သင့်ကိုစာပုံမှန်ရေးသားချင်စိတ်ဖြစ်အောင်ကူညီပေးမဲ့ Online Content Writing Tools တစ်ခုပဲဖြစ်ပါတယ်။ ဒီ Tools ဟာသင့်ကိုနေ့စဉ် စာလုံးရေး 750 ရေးဖို့သတိပေးနေ မှာဖြစ်ပါတယ်။ သင့်စိတ်ထဲရောက်ရှိလာတဲ့အကြောင်းအရာမှန်သမျှကို ချရေးနိုင်မဲ့ Private Space ရှိတဲ့ Tools တစ်ခုပဲဖြစ်ပါတယ်။ ဒီ Tools လေးရဲ့ကောင်းတဲ့အချက်ကတော့ သင့်ကိုနေ့စဉ်စာရေးသားဖို့ သတိပေးနေမှာဖြစ်တဲ့အတွက် ပုံမှန်စာရေးတဲ့အလေ့အကျင့်ကိုရစေတဲ့အပြင် စာရေးတာလဲ ပိုမိုမြန်ဆန်လာမယ် Typing လဲပိုမြန်လာပြီး အနှောင့်အယှက်ကင်းကင်းနဲ့ပုံမှန်စာရေးနိုင်မှာဖြစ်ပါတယ်။

2.ASoftMurmur

စာရေးသူအတော်တော်များဟာ Soft Music လေးတွေကိုနားထောင်ပြီးစာရေးသားရတာကိုနှစ်ခြိုက်ကျပါတယ်။အဆိုပါSoft Music တွေနားထောင်ပြီးစာရေးသားခြင်းဟာစာရေးတာအပေါ်ပိုမိုအာရုံစိုက်နိုင်ပြီး စိတ်ကူးကောင်းတွေထွက်ပေါ်တယ်လို့ဆိုပါတယ်။တကယ်လို့သင်ဟာ သီချင်းနားထောင်ပြီးရေးရတာနှစ်သက်သူဆိုရင်တော့ ဒီ Tools လေးကိုလေ့လာကြည့်ပါ။နူးညံ့ညင်သာတဲ့သာယာဖွယ်အသံတွေပါဝင်တဲ့ဒီ Tools ဟာသင့်ကိုပိုမိုအာရုံစိုက်စေပြီး အတွေးအခေါ်စွမ်းရည်ကိုတိုးတက်စေနိုင်ပါတယ်။

3.BlankPage

စာရေးတဲ့နေရာမှာ Content တိုတိုလေးတွေရေးတဲ့အခါလွယ်ကူပေမဲ့ ရှည်လျားတဲ့Content တွေးရေးတဲ့အခါမှာတော့ စာရေးတဲ့သူတွေအတော်များများခေါင်းခြောက်ကျပါတယ်။သင်ဟာ ဝတ္တုတစ်ပုဒ် ဒါမှမဟုတ် Content ရှည်ရှည်တစ်ပုဒ်ကိုရေးသားနေတဲ့သူဆို ဒီ BlankPage ဆိုတဲ့ Tools ကပြီးမြောက်ဖို့ကူညီပေးပါလိမ့်မယ်။သင်ရေးတဲ့ Content ကိုတစ်နေရာထဲတစ်စုတစည်းဖြစ်စေပါတယ်။သင်တစ်နေ့မှာစာလုံးရေဘယ်လောက်ရေးသားချင်လဲဆိုတာကိုသတ်မှတ်လို့ရပြီး ထူးခြားတဲ့အချက်ကတော့ ဘယ် Device မှာမဆိုအသုံးပြုလို့ရတဲ့အတွက် ဘယ်အချိန် ဘယ်နေရာမှာမဆိုအလွယ်တကူရေးနိုင်ပါတယ်။

4.Calmly Writer

ဒီ Tools ဟာဆိုရင်တော့ Focus Mode ပါဝင်ပြီး သင်ပြန်ပြီး Edit လုပ်တဲ့ စာပိုဒ်တွေကိုလည်း Highlights ပြပေးပါတယ်။Auto save Option လဲပါဝင်တဲ့အတွက် အတော့်ကိုလွယ်ကူအဆင်ပြေစေတဲ့ Tools ပါ။Google Drive နဲ့ချိတ်ဆက်ပြီး Backup လုပ်ပြီးအသုံးပြုလို့ရပါတယ်။Dark Mode ဆိုပြီး Black Page နဲ့လည်းပြောင်းလဲရေးသားလို့ရပါသေးတယ်။

5.CoSchedule Headline Analyzer

Content တစ်ပုဒ်ဖန်တီးရာမှာဆွဲဆောင်မှုရှိတဲ့ခေါင်းစဉ်ကောင်းတစ်ခုအရင်ဖန်တီးဖို့လိုပါတယ်။ဒီ Tools ဟာဆိုရင်သင့်ရဲ့ Headline ကိုသေချာ Analyze လုပ်ပေးနိုင်ပြီး စကားလုံးအရေအတွက် Balance ဖြစ်မဖြစ်၊အဓိက Power Word တွေ၊ Headline Length တွေစသဖြင့်သေချာ Analyze လုပ်ပေးပြီး ဆွဲဆောင်မှုရှိတဲ့ Headline တစ်ခုဖန်တီးရာမှာကူညီပေးပါတယ်။

Ref - Marketing & Growth Hacking

Recent posts