logo
myanmar
Instagram App ထဲကနေ Product တွေကို ဝယ်ယူနိုင်မယ့် သတင်းကောင်း

Instagram App ထဲကနေ Product တွေကို ဝယ်ယူနိုင်မယ့် သတင်းကောင်း

02 May 2019

Instagram ရဲ့ လေ့လာစမ်းသပ်ချက်တွေမှာ Update အနေနဲ့ ထွက်လာနိုင်ဖွယ်ရှိတဲ့ သတင်းတစ်ခု ကိုဖော်ပြပေးသွားပါမယ်။ ဒါကတော့ Instagram မှာ Product Post တွေတင်တဲ့ အခါ Creators Link ကိုပါ ချိတ် ဆက်လို့ ရမှာ ဖြစ်ပါတယ်။ Instagram User တွေအနေနဲ့ ကိုယ်လိုချင်တဲ့ Product ကို Instagram App ထဲမှာပဲစိတ်ကြိုက် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ချက်က ဘာမှမပြောပလောက်တဲ့ပြောင်းလဲမှုလို့ထင်ရပေမဲ့ ဆိုင်သွားဝယ်ဖို့ အခက်အခဲဖြစ်နေတဲ့ User တွေနဲ့ Instagram App ပေါ်မှာပဲအချိန်ကုန်သက်သာစွာ သေချာဝယ်ယူချင်တဲ့ User တွေအတွက်တော့ သတင်းကောင်းပဲ ဖြစ်ပါတယ်။ Instagram ကိုအဓိကသုံးတဲ့ User တွေအတွက်ပြုလုပ်မဲ့ ပြောင်းလဲမှုလို့ဆိုရင်လည်း မမှားပါဘူး။

Instagram Platform ကိုအဓိကထားပြီး Business Run နေတဲ့ လုပ်ငန်းရှင်တွေ အတွက်လည်း အကျိုးရှိစေတဲ့ အချက်ပဲဖြစ်ပါတယ်။ မိမိလုပ်ငန်းရဲ့ Product Detail တွေဖြစ်တဲ့ Price, Payment, Shipping Fee တွေကို Link ထဲမှာ သေချာထည့်ထားနိုင်မှာ ဖြစ်တဲ့ အတွက် Customer တွေဘက်ကိုလည်း Product ရဲ့ Details အစုံကိုဖော်ပြပေးနိုင်ရာရောက်တဲ့အပြင် Customer တွေအပေါ်လဲဂရုစိုက်ရာကြပါတယ်။ Instagram ကဒီ Update ကိုသာလုပ်ပေးခဲ့မယ်ဆိုရင် Instagram မှာ Business Run နေတဲ့ လုပ်ငန်းရှင်တွေနဲ့ Instagram အဓိကအသုံးပြု User တွေအတွက် ထိရောက်တဲ့ ကောင်းကျိုးတွေ ရရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒီ In-App ကနေပဲ Product တွေကို ဝယ်ယူနိုင်မယ့် Feature ကိုတော့ “Checkout on Instagram” ဆိုပြီး အမည်ပေးမယ် လို့ သိရှိရပါတယ်။

Ref - SEJ

Recent posts