logo
myanmar
User တွေကို Ads တွေပိုမိုပြသနေအုံးမယ့် Youtube

User တွေကို Ads တွေပိုမိုပြသနေအုံးမယ့် Youtube

23 Nov 2018

မိတ်ဆွေတို့ အနေနဲ့ Youtube မှာ Video တွေကြည့်နေတဲ့ အချိန်မှာ Ads တွေဝင်လာတာ ကြုံဖူးကျမှာပါ။
User တွေအတွက်တော့ စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုအနေနဲ့ ဖြစ်စေပြီး၊ Youtube အတွက်တော့ ဝင်ငွေတစ်မျိုးဖြစ်လာစေပါတယ်။ Youtube ကြည့်နေရင်းမှာ Ads Video တွေဝင်လာတာမျိုး၊ စကြည့်နေတုန်းမှာပဲ Ads တွေဝင်လာတာမျိုးဖြစ်တတ်ပါတယ်။ Ads Video တစ်ခုကို အနည်းဆုံး ၅ စက္ကန့်လောက်ကြာမြင့်တတ်ပြီး ၅ စက္ကန့် ကြည့်ပြီးမှာသာ Skip လုပ်နိုင်မှာဖြစ်ပါတယ်။ အဆိုးဆုံး Ads Video ကတော့ Skip လုပ်လို့ မရတဲ့ Ads အမျိုးအစားတွေပဲဖြစ်ပါတယ်။ အခုချိန်မှာဆိုရင်တော့ အရင်ကလို Ads တစ်ခုပဲမလာတော့ပဲ Ads နှစ်ခုလာတော့မယ်လို့ သိရှိရပါသေးတယ်။

တစ်ချို့ Ads တွေကျတော့ Mobile Game ဆော့သူတွေအတွက် Credits Point လေးတွေရရှိစေပါတယ်။
ဥပမာ- ဒီ Ads Video ကိုကြည့်ပေးမယ်ဆိုရင် စိန်ဘယ်လောက်ရမယ်၊ အသက်ရမယ် စတဲ့ Credits Point
လေးတွေ ရမှာဖြစ်ပါတယ်။ Ads တွေက User တွေအတွက် စိတ်အနှောက်ဖြစ်စေပေမဲ့၊ Youtube အတွက်ဝင်ငွေ တိုးစေပြီး Marketer တွေအတွက်တော့ Advertising နည်းလမ်းတစ်မျိုးစေပါတယ်။ ဒီအတွက်ကြောင့် Youtube ကလည်း Ad Format တွေကိုလည်း ထပ်မံ Develop သွားမှာဖြစ်တဲ့ အတွက် Marketerတွေအတွက် တော့ ရလဒ်ကောင်းတွေဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒီတော့ Youtube Ads တွေကို အသုံးပြုမဲ့
Marketer တွေ လုပ်ငန်းရှင်တွေ အတွက်တော့ သတင်းကောင်းလို့ ပြောနိုင်ပါတယ်။

Ref - socialmediatoday

Recent posts